ကျန်းတေကျန်းသည်ထိုင်းဥပဒေပြုရေးလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

2016-05-30 10:31:15 |သတင်းအရင်းအမြစ် 中华网

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတေကျန်းသည် ၂၇ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ထိုင်းနိုင်ငံ ဥပဒေပြုရေး လွှတ်တော် ဥက္ကဋ္ဌ ပွန်ဘေနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကျန်းတေကျန်းက၊ တရုတ်နှင့် ထိုင်း နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းနိုင်ငံနှင့် ယုံကြည်အားထားရသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ကြောင်း၊ တရုတ်-ထိုင်း ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တဆင့်တိုးတက် စေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။