ကုလသမဂ္ဂ ပတ်ဝန်းကျင်ညီလာခံ ရုပ်သိမ်း

2016-05-30 11:04:38 |သတင်းအရင်းအမြစ် 中华网

၅ ရက်ကြာ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ ပတ်ဝန်းကျင် ညီလာခံကို ၂၇ ရက်န့က နိုင်ရိုဘီ ကုလသမဂ္ဂ ပတ်ဝန်းကျင် စီမံကိန်းအဖွဲ့ ဌာနချုပ်ရုံး၌ ကျင်းပပြီးစီးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေးတွင်၊ ပင်လယ် ပတ်ဝန်းကျင် ပြုပြင်ရေး၊ တောရိုင်း တိရစ္ဆာန် မှောင်ခို ရောင်းဝယ်မှု တားမြစ်ရေး အပါအဝင် ဆုံးဖြတ်ချက်နှင့် လုပ်ငန်းစဉ် စီမံကိန်း ၂၅ ရပ်ကို အတည်ပြုခဲ့ပြီး ပါရီ သဘောတူစာချုပ်နှင့် ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်များ ဖေါ်ဆောင်မှုကို တွန်းအားပေးသည်။