လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် ရုရှားတို့သည် ဆန်းသစ်တီထွင်ရေး လုပ်ငန်းကို အလေးထားပြီး မိုဘိုင်း ဆက်သွယ်ရေးပစ္စည်း၊ အိမ်သုံး စမားထ် ကုန်ပစ္စည်း၊ နိုင်ငံဖြတ်ကျော် အင်တာနက် ရောင်းဝယ်မှု၊ အင်တာနက်လုပ်ငန်း စသည့် နယ်ပယ်များ၌ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အစွမ်းကုန် တွန်းအားပေးနေကြောင်း၊ တရုတ်ပြည် ဆန်းသစ်တီထွင်ရေးလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်သန်စွမ်းအားများကို ထည့်သွင်းပေးနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။