တရုတ်ပြည် စီးပွါးရေးသည် ရှင်သန်မှု အပြည့် ရှိနေသေးဟု Panasonic ဒါရိုက်တာချုပ် ဆု

2016-05-30 11:16:57 |သတင်းအရင်းအမြစ် 中华网

တရုတ်ပြည်၌ ကျင်းပသော ဖိုရမ် တစ်ခုသို့ တက်ရောက်လာသော ဂျပန် Panasonic ဒါရိုက်တာချုပ် ကာဇူဟီရို ဆူဂါက၊ ဂျပန် မီဒီယာ အချို့တွင် တရုတ်ပြည် စီးပွါးရေး ဆုတ်ယုတ်နေသည်ဟု အကြိမ်ကြိမ် သတင်းဖြန့်နေသော်လည်း မိမိသည် တရုတ်ပြည်သို့ လာရောက်တိုင်း တရုတ်ပြည် စီးပွါးရေး လျင်မြန် တိုးတက်လာခြင်းကြောင့် ဖြစ်စေသော ပြောင်းလဲမှုကို ခံစားမိနိုင်ကြောင်း သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။