ဂျီ-၂၀ ထိပ်သီး အစည်းအဝေး ကျင်းပမည်

2016-05-30 11:19:02 |သတင်းအရင်းအမြစ် 中华网

ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို ယခုနှစ် စက်တင်ဘာလတွင် တရုတ်ပြည် ဟန်ကျိုး မြို့၌ ကျင်းပမည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ဂျီ-၂၀ သဘာပတိနိုင်ငံ အဖြစ် ထမ်းဆောင်ခဲ့ခြင်းမှစပြီး ယခုအထိ တရုတ်နိုင်ငံသည် ဂျီ-၂၀ မူဘောင်အတွင်း အစည်းအဝေး အကြိမ်ပေါင်းများစွာ ကျင်းပပြီ ဖြစ်၍ ဟန်ကျိုး ထိပ်သီး အစည်းအဝေး အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေသည်။

ဂျီ-၂၀ ထိပ်သီး အစည်းအဝေးကို ပထမဆုံးအကြိမ် အဖြစ် တရုတ်ပြည်၌ ကျင်းပခြင်းသည် ယခုအကြိမ် အစည်းအဝေး၏ ထူးခြားချက် တစ်ရပ် ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပြီး စီးပွါးရေး စုစုပေါင်း ပမာဏမှာ ကမ္ဘာ့ ဒုတိယနေရာတွင် တည်ရှိနေသည်။ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့မှ စာရင်းအရ လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်ပြည်၏ ကမ္ဘာ့ စီးပွါးရေး တိုးတက်မှုအပေါ် အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၅ ရာခိုင်နုန်းအထိတောင် ရှိသည်။

ကမ္ဘာ့စီးပွါးရေးမှာ ရှုပ်ထွေးသော အခြေအနေသစ်တွင် ရှိပြီး နယ်ပယ်များစွာ၌ အန္တရာယ်များနှင့် ရင်ဆိုင်နေရခြင်းသည်လည်း ယခုအကြိမ် အစည်းအဝေး၏ ထူးခြားချက် တစ်ရပ် ဖြစ်သည်။ ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် တာဝန်ဝတ္တရားသိသိဖြင့် အသေးစိတ် ဆောင်ရွက်မှုစီမံကိန်းကို ရေးဆွဲချမှတ်ပြီး ကမ္ဘာ့စီးပွါးရေးကို ပုံမှန် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိစေဖို့ တွန်းအားပေးရန် လိုအပ်သည်။

တရုတ်နိုင်ငံသည် ဆန်းသစ်ပြီး ရှင်သန်မှု ရှိသော ပူးပေါင်းဆောင်ရွက်ပြီး သက်ညှာထောက်ထားသော ကမ္ဘာ့စီးပွါးရေး ထူထောင်ခြင်းကို ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ် အဖြစ်ထားပြီး၊ ဆန်းသစ် ဖွံ့ဖြိုးတိုးတက်ရေး အသွင်ပုံစံ၊ ပိုမို တွင်ကျယ်သော ကမ္ဘာ့စီးပွါးရေး ငွေကြေး စီမံခန့်ခွဲခြင်း၊ အားကောင်းသော နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ သက်ညှာထောက်ထားပြီး ပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးမှု အပါအဝင် ဆွေးနွေးရန် အစီအစဉ် လေးရပ်ကိုလည်း ထားရှိသည်။