တရုတ်ဘာသာစကား တံတား အမည်ဖြစ်သည့် နိုင်ငံတကာ တက္ကသိုလ်နှင့် အလယ်တန်း ကျောင်းသူကျောင်းသားများ တရုတ်ဘာသာစကား စာစီစာကုံး ပြိုင်ပွဲ မြန်မာနိုင်ငံ ရန်ကုန်နယ် နောက်ဆုံးပြိုင်ပွဲကို ၂၈ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ မြန်မာ အထက်ပိုင်း လားရှိုးမြို့မှ ကျန်ရုံမင်သည် တက္ကသိုလ် ကျောင်းသားအုပ်စုမှ ပထမဆုကို ရရှိပြီး ယန်ကြည်ဟန်က အလယ်တန်းကျောင်းသားများအုပ်စု၏ ချန်ပီယံဆုကို ရရှိ ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ဟုန်လျန့်က၊ ”တရုတ်ဘာသာစကား တံတား” သည် ကူးလူးဖလှယ်ရေး တံတား၊ ချစ်ကြည်ရေး တံတားနှင့် ပူးပေါင်းဆောင်ရွက်ရေး တံတား ဖြစ်ကြောင်း၊ အိပ်မက်သည် အနာဂတ်ကို ထွန်းလင်းလာစေခြင်း ဆောင်ပုဒ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ကိုက်ညီကြောင်း၊ အိမ်နီးချင်းကောင်းနိုင်ငံ အနေနှင့် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု အလားအလာသည် လွန်စွာ ကောင်းမွန်ပါကြောင်း ပြောကြားသည်။
သံအမတ်ကြီး ဟုန်လျန့်နှင့် ယဉ်ကျေးမှုဌာန သံမှူး ထျန်ရှန့်ထင်တို့သည် လက်ရွေးစင်များအား ဆုချီးမြှင့်ပေးကြသည်။