၅ ရက်ကြာကျင်းပမည့် စတုတ္ထအကြိမ်မြောက် တရုတ်ပီကင်းဝန်ဆောင်မှုရေးရာ ကုန်စည်ပြပွဲကို မေလ ၂၈ ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ရာ၊ ထိုင်းနိုင်ငံ ပြခန်းကိုလည်း တရားဝင်ဖွင့်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတကာကုန်သွယ်ရေးအသင်းနှင့် ထိုင်းနိုင်ငံ အစည်း အဝေးနှင့်ပြပွဲ ကျင်းပရေးဌာနတို့သည်၊ ဖွင့်ပွဲအခမ်းအနားတွင် နားလည်မှုစာချွန်လွှာကို ချုပ်ဆိုခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းကိုကိုးကား၍ စီအာအိုင်ကဖော်ပြသည်။
ဖွင့်ပွဲအခမ်းအနားတွင်၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်း သံအမတ်ကြီး သီရာကွန် နီယုန်က၊ ပြပွဲကျင်းပရေးမှာ ထိုင်းဝန်ဆောင်မှုလုပ်ငန်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။