ရန်ကုန် မေ ၃၀
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မင်္ဂလာဈေးပြန်လည်ထူ ထောင်ရေးကိစ္စမဲရလဒ် ကြေညာမှုအပေါ် ကျေနပ်မှုမရှိကြသည့်ဈေးသူဈေး သားများစုပေါင်းပြီး ယနေ့မေ ၃၀ ရက် နံနက် ၁၀ နာရီက မင်္ဂလာဈေးဓမ္မာရုံအတွင်းအရေးပေါ်စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ကြသည်။
“သူတို့ထုတ်ပြန်ထားတဲ့အဖြေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုံးဝကန့်ကွက်
တယ်၊ မကျေနပ်သေးဘူးဆိုရင် စည်ပင်သာယာမြို့တော်ခန်းမမှာဈေးသူဈေးသား
ရဲ့ဆန္ဒကိုတရားဝင် တစ်ရက်တည်းတစ်ကြိမ်တည်းမှာဆန္ဒမဲကောက်ယူပါ၊အဖြေချက်
ချင်းထွက်ပါလိမ့်မယ်၊ အဲဒီလိုလုပ်ဖို့ကိုလည်း ၀န်ကြီးချုပ်ကပြောထားတာပါ၊ကော်မတီ
ဖွဲ့ခိုင်းတာလည်းလုံးဝမဖွဲ့ပေးသေးဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီးဈေးသူဈေးသားများကိုယ်
စားပြောချင်တာကတော့စည်ပင်တာဝန်ရှိသူဆိုတဲ့ပုဂ္ဂိုလ်ဟာပြည်သူနဲ့အစိုးရကြားသွေးခွဲနေတာလို့ပြောချင်ပါတယ်” ဟု ဈေးသူဈေးသားများကိုယ်စားကွမ်းပစ္စည်းရောင်းဝယ် ရေးဆိုင်ပိုင်ရှင်ဦးကျော်ကျော်စိုးကပြောသည်။
မီးလောင်ခဲ့သည့်မင်္ဂလာဈေးအဆောက်အအုံနှင့်ပတ်သက်၍အကြီးစားပြင်ဆင်ရန်အသစ်
ပြန်လည်တည် ဆောက်ရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီကဦးဆောင်ကာ ဈေးသူဈေးသားဆန္ဒမဲကောက်ခံရာတွင်အကြီးစားပြင်ဆင်လိုသူထက်အသစ်ပြန်လည်တည်
ဆောက်လိုသူသာများခဲ့ကြောင်းစည်ပင်သာယာတာဝန်ရှိသူဆိုသူကယမန်နေ့ကသတင်းထုတ်
ပြန်လိုက်ရာအဆိုပါကြေညာချက်မှန်ကန်မှုမရှိကြောင်းကျေနပ်မှုမရှိကြသည့်ဈေးသူဈေးသားများကယနေ့စုပေါင်းကန့်ကွက်လိုက်ကြခြင်းဖြစ်သည်။ စာနယ်ဇင်းရှင်းလင်းပွဲတွင်ဆန္ဒမဲကောက်ယူမှုနှင့်ပတ်သက်၍ စည်ပင်တာဝန်ရှိသူများဘက်က ထင်သာ မြင်သာရှိ အောင် ပြန်လည်ပြုလုပ်ပေးရန်နှင့်တည်ဆဲအစိုးရအနေနှင့်လည်း လစ်လျူရှုခြင်းမပြုရန်
တောင်းဆိုခဲ့ကြသည်။
“စည်ပင်သာယာထုတ်ပြန်ထားတဲ့မဲစာရင်းနဲ့ပတ်သက်ပြီးတာဝန်ရှိသူလို့ဆိုတဲ့နာမည်မဖော်ပြရဲတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဈေးသူဈေးသားတွေ ကျေနပ်လောက်တဲ့အထိတောင်း
ပန်ပေးပါ၊ အဲဒီလိုမတောင်း ပန်မဖြေရှင်းဘူး ဆိုရင်ဖြစ်လာတဲ့ပြဿနာသူ့အပေါ်မှာပဲတာ
ဝန်ရှိတယ်” ဟု ဦးကျော်ကျော်စိုးကထပ်ပြောသ လို ဈေးသူဈေးသားများဘက်ကလည်း စည်ပင်ဦးဆောင်ကောက်ယူခဲ့သည့်ဆန္ဒမဲကောက်ယူခြင်းအစီအစဉ်သည်မှန်ကန်မှုမရှိ
ကြောင်း၊ ညသိပ်မဲဖြစ်နေ သဖြင့်လက်မခံနိုင်ကြောင်း၊ လွတ်လပ်သည့်ဆန္ဒခံယူပွဲပြန်
လည်လုပ် ပေးရန် တောင်းဆိုကြောင်း အစရှိသဖြင့်ပြောသည်။
မီးဘေးသင့်မင်္ဂလာဈေးအဆောက်အအုံနှင့်ပတ်သက်၍ အကြီးစားပြင်ဆင်ခြင်း အသစ်ပြန်လည်တည် ဆောက်ခြင်း ဟူ၍ ဆန္ဒနှစ်မျိုးရှိနေရာ မန္တလေးမြို့တော်စည်
ပင်သာယာရေးကော်မတီကဦးဆောင်ပြီး မေ ၂၁ ရက် မှ မေ ၂၄ ရက်အထိဈေးသူ
ဈေးသားများထံဆန္ဒမဲကောက်ယူခဲ့ကြောင်းသိရသည်။
ကျော်ထွေး