မန္တလေး မေ ၃၀
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှအငှားချထားပေးသည့်ကမ်း
နားလမ်း အငှားအိမ်ရာတိုက်ခန်းများနှင့်ပတ်သက်၍ လွှဲပြောင်းရောင်းချခြင်း မပြုရန် ကြေညာ ချက်ထုတ်ပြန်ထား သော်လည်းယနေ့ထိကျူးလွန်ဖောက်ဖျက်သူများရှိနေ
ကြောင်းသိရသည်။
“ကျူးကျော်လို့သတ်မှတ်ထားတဲ့ကျွန်တော်တို့လုပ်တာတော့မဟုတ်ဘူး၊ ကျူးမဟုတ်ဘဲ တိုက်ခန်းရထားသူတစ်ချို့လို့သိထားတယ်၊ ဒါမျိုးလုပ်တာတွေ့ ရင် တိုင်လို့ရတယ်လို့တော့ ပြောထားတာပဲ၊တိုင်တဲ့သူအတွက်လုံခြုံရေးဘယ်သူကပေး
မှာလဲ၊ သူတို့(စည်ပင်)လည်းဒီကိစ္စမသိ ဘဲမနေပါဘူး၊ ဒါပေမယ့် လည်း အရောင်း
အ၀ယ်တွေကတော့ရှိနေတုန်းပဲ” ဟု တိုက်ခန်းငှားရမ်းနေထိုင်ခွင့်ရထား သူတစ်ဦးကပြောသည်။
အငှားအိမ်ရာများနှင့်ပတ်သက်၍ အလွဲသုံးစားမပြုရန်၊ အထူးသဖြင့် လက်လွှဲငှား
ရမ်းခြင်းနှင့် ရောင်းဝယ်ခြင်းမပြုရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက စာချုပ်ပါစည်း ကမ်း ချက်များ ဖြင့် တရားဝင်ထုတ်ပြန်ကြေညာထားပေမယ့်လည်း အ
လွှာအလိုက်ကျပ်သိန်းဆယ်ဂဏန်း အထိ အရောင်း အ၀ယ်ဖြစ်နေပြီး ကျူးကျော်အဖြစ်
သတ်မှတ်ခံရပြီးအမှန်တကယ်ငှားရမ်းနေထိုင်ခွင့်ရသူများကတော့အဆိုပါကိစ္စနှင့်ပတ်
သက်၍ စိုးရိမ်မှုတို့ရှိနေကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဘက်ကတော့စစ်ဆေးတွေ့ရှိ
လျှင်အရေး ယူမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်းပြောထားသလိုကော်မတီအတွင်းရေး
မှူးဦးခင်မောင်တင် နှင့်တွေ့ဆုံစဉ်ကလည်း အဆိုပါကိစ္စအပါအ၀င်မြရည်နန္ဒာတန်ဖိုးနည်း
အိမ်ရာ လက်လွှဲရောင်း ချနေခြင်း များရှိနေခြင်းကိစ္စ နှင့်ပတ်သက်၍မေးမြန်းကြည့်ရာ ဥပဒေကြောင်းအရအရေးယူ ဆောင်ရွက်သွားမည်သာဖြစ်ကြောင်းပြောသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ယခုနှစ်အစောပိုင်းကကမ်း
နားလမ်းနေ သူများ အား တဲပေါ်မှတိုက်ပေါ်သို့စီမံချက်ဖြင့် အောင်မြေ သာစံမြို့နယ် ၁၄ လမ်း မှ ၂၁ လမ်းအထိ တိုက်ခန်းပေါင်း ၁၅၈၄ ခန်းအငှားချထားပေးခဲ့ပြီး ယနေ့မေ ၃၀ ရက်တွင်လည်း ကျန်ရှိတိုက်ခန်း လေးရာ ကျော် ကိုထပ်မံအငှားချထားပေးလျက်ရှိ
သည်။
တိုက်ခန်းရောင်းချခြင်းနှင့်စပ်ဆက်သတင်းများထွက်ပေါ်နေသည့်အတွက်အိမ်
ထောင်စုစာ ရင်းနှင့် မှတ်ပုံတင်များစိစစ်ဆောင်ရွက်လျက်ရှိရာ အမှန်တ ကယ်ကျူးကျော်
နေထိုင်ကြသူများ တိုက်ခန်းလျှောက်ထားရာတွင်အခက်အခဲများကြုံတွေ့နေရကြောင်း
လည်းသိရသည်။
ကျော်ထွေး