ရန်ကုန် မေ ၃၀
ကျူးကျော်နှင့် ပတ်သက်သည့် သတင်းများကြောင့် မူရင်းကျူးခဲ့ကြသည့် အိမ်ရှင်များက ဌားနေသူများကို ဖယ်ခိုင်းမှုများ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ၉၃ တိုးချဲ့ (ကျူးကျော်) ရပ်ကွက်၌ ဖြစ်ပေါ်နေကြောင်း ရပ်ကွက်နေပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
ကျွန်မက ဒီတစ်မိုးလေးတော့ ခိုခွင့်ပြုပါလို့ ပြောပါတယ်။ ငိုယိုပြီးပြောတာပါ။ ကျွန်မတို့ကို မယုံရင် ဒီအိမ်ရဲ့ ပိုင်ဆိုင်ခွင့် တွေဟာ ကျွန်မတို့နဲ့ မသက်ဆိုင်ပါဘူးဆိုတဲ့ ကတိစာချုပ်တွေလုပ်ပေးမယ်။ မှတ်ပုံတင်တွေပါ ယူထားပါလို့ ပြောတာကို မရဘူးဆင်း
ခိုင်းပါတယ် ’ ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ၉၃ တိုးချဲ့ (ကျူးကျော်) ရပ်ကွက်နေ ဒေါ်တင်တင်ခိုင်က ဆိုသည်။
ထိုသို့ မူရင်းကျူးကျော်သူများက ဖယ်ရှားခိုင်းခြင်း ပြုမူနေသည့်အခြေအနေများ
ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးမှူးများကပူးပေါင်းဖြေ
ရှင်းမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ကို လာတိုင်တာတွေ ရှိပါတယ်။ ဒါကို ကျွန်မတို့က ဖယ်ပေးစရာမလို
ဘူး။ ဒီတိုင်းဆက်နေပါ။ အတင်းအကြပ်ဖယ်ခိုင်းတာတွေ လုပ်တယ်ဆိုရင် ဥပဒေအရ အရေးယူတာမျိုးတွေ လုပ်သွားဖို့ရှိတယ်လို့ ပြောထားပါတယ် ’ ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဖြူဖြူခိုင်က ပြောသည်။
ကျူးကျော်နေထိုင်သူများ၏ အခက်အခဲများကို ပြေလည်အောင် ရန်ကုန်တိုင်း
ဒေသကြီး အစိုးရက ဖြေရှင်ပေးမည်ဟု ၀န်ကြီးချုပ်က မေ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး
နောက် ကျူးပြီး တစ်ဆင့်ပြန်လည် ဌားရမ်းထားသူများက အိမ်ဌားများကိုအတင်းအ
ကြပ်ဖယ်ရှားခိုင်ခြင်းများ ဖြစ်ပေးလာခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်၏ ကျူးကျော်ကိစ္စရပ်များကို ပြေလည်အောင်ဖြေရှင်းပေးမည်ဆို
သည်ကို မြေနေရာ အစားပေးမည်ဟု လွဲမှားစွာ နားလည်ထားခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာရသည်ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ တိုင်းဒေသကြီး
လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်က ဆိုသည်။
စည်သူ