မေလ၃၁ရက်နေ့သည် ကမ္ဘာ့ဆေးလိပ်ကင်းမဲ့စေရေးနေ့ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံအားလုံး ဆေးလိပ်ကို ရိုးရိုးသာမန်ထုပ်ပိုးရန် ပန်ကြားကြောင်းဆင်ဟွာသတင်းအရ သိရသည်။
ရိုးရိုးသာမန်ထုပ်ပိုးခြင်းသည် စံကိုက်ထုပ်ပိုးခြင်းဟုလည်းခေါ်ကြောင်း၊ ဆေးလိပ် ထုပ်စက္ကူတွင် စံကိုက်အရောင်၊ စာသားကို အသုံးပြုရန်သာခွင့်ပြုကြောင်း၊ အခြား အမှတ်အသား၊ အရောင်နှင့်ကြော်ညာကို အသုံးပြုရန်ကန့်သတ်မှုရှိသို့မဟုတ်ခွင့်မပြု ကြောင်းသိရသည်။