မလေးရှားခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးနာဇရီက မလေးရှားနိုင်ငံသည် ယခုနှစ်မတ်လကစတင်ကျင့်သုံးသော အီးဗီဇာဆောင်ရွက်ချက်သည် တရုတ်ခရီးသည်များ ဆွဲဆောင်ရန်အတွက်အကျိုးရှိကြောင်း၊ ယခုနှစ်ပထမ၄လအတွင်း လူ၆သိန်း၅သောင်း နီးပါးကို ဆွဲဆောင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၁ဆနီးပါးတိုးများ ကြောင်း မကြာခင်က ပြောကြားခဲ့သည်ဟုမလေးရှားသတင်းဌာနမှသတင်းအရသိရသည်။