တရုတ် ပြည်လုံးဆိုင်ရာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး ညီလာခံ၊ တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီးနှင့် တရုတ် အင်ဂျင်စ တံခွန်အသင်းကြီး သုတေသီများ ညီလာခံ၊ တရုတ် သိပ္ပံနည်းပညာ အသင်း နဝမ အကြိမ် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံများကို ၃၀ ရက်နေ့က ပီကင်း၌ ခမ်းအနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းလည်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုကို အလေးထားရမည် ဖြစ်ကြောင်း လေးနက်စွာ ပြောကြားခဲ့သည်။