ဖိလစ်ပိုင်အရွေးခံသမ္မတသစ်ထံ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

2016-05-31 16:23:08 |သတင်းအရင်းအမြစ် 中华网

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယမန်နေ့ ၃၀ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အရွေးခံသမ္မတသစ် ဒူတယ်လ်တက်ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသဝဏ်လွှာတွင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုမှာ သမိုင်း ရှည်ကြာပြီး၊ နှစ်နိုင်ငံပြည်သူများအကြား နက်နဲသော အစဉ်အလာချစ်ကြည်ရေးရှိ ကြောင်း၊ ချစ်ခင်ရင်းနှီးပြီး၊ ရှင်သန်တည်ငြိမ်သော တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုသည်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ နှစ်ဖက်တို့ အနေနှင့်၊ အတူအားထုတ်ကြိုးပမ်းခြင်းဖြင့်၊ တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုပြန်လည် ကောင်းမွန်လာ အောင် တွန်းအားပေးရန် မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်အထက်နှင့်အောက်လွှတ်တို့က မေလ ၃၀ ရက်နေ့က ပူးတွဲအစည်းအဝေး ကျင်းပခဲ့ရာ၊ ဒူတယ်လ်တက်သည် ဖစ်လစ်ပိုင်သမ္မတသစ်အဖြစ် အရွေးခံရကြောင်း ကြေညာခဲ့သည်ဟုသိရသည်။