တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှင်ကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဘုရင်နိုင်ငံ ဘုရင်နိုရိုဒွန် ဆီဟာမိုနီသည် ဇွန်လ၂ရက်နေ့မှ ၄ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်သွားမည်ဖြစ်ကြောင်း တရုတ်သတင်းဌါန၏သတင်းအရ သိရပါသည်။
၃၀ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌါနမှပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်းက သတင်းစာရှင်းလင်းပွဲ၌ ဘုရင်ဆီဟာမိုနီ၏ ယခုအကြိမ်တရုတ်ခရီးစဉ်ဆိုင်ရာအစီအစဉ် များကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ၄င်းက ၂၀၀၅ခုနှစ်အလွန်မှာ ဘုရင်ဆီဟာမိုနီ၏ တရုတ်ပြည်သို့နောက်ထပ်လာရောက်ခရီးလှည့်လည်မည်ဖြစ်ခြင်းကို တရုတ်ပြည်သည် အလွန်အလေးထားကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်စသည့်တရုတ်ခေါင်းဆောင်များသည် ဘုရင်ဆီဟာမိုနီနှင့် တွေ့ဆုံနှုတ်ဆက်ပြီး တရုတ်-ကမ္ဘောဒီးယားဆက်ဆံမှုနှင့် နှစ်နိုင်ငံစလုံးအာရုံစိုက်ကြသောပြဿနာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြမည်ဟု ထုတ်ဖော်ပြောကြားကြောင်း သတင်းရရှိပါသည်။