ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးမှ မေလ ၃၁ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာ၊ မြန်မာပြည်အေးချမ်းတည်ငြိမ်ရေးဖြစ်စဉ်တွန်းအားပေးရေး အတွက်၊ အဖွဲ့ဝင် ၁၆ ဦးပါဝင်သည့် ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။
ယင်းကြေညာချက်အရ၊ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအနေနှင့်၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနှင့် မချုပ်ဆိုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးရန် တာဝန်ထမ်းဆောင်မည့် အပြင်၊ ၄င်းညီလာခံ၏ နိုင်ငံရေးမူဘောင်ကို အကဲဖြတ်မည်ဖြစ်ကြောင်း၊ ဒေါက်တာ တင်မျိုးဝင်းသည်၊ ကော်မတီဥက္ကဋ္ဌအဖြစ်၊ ဦးကျော်တင့်ဆွေ ဒု ဥက္ကဋ္ဌအဖြစ် အသီးသီး တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။