မန္တလေး ဇွန် ၁
နိုင်ငံတစ်ဝှမ်းလုံးက အခြေခံပညာကျောင်းများကို ယနေ့ဇွန်၁ရက်မှ စတင်ဖွင့်လှစ်လိုက်
ပြီဖြစ်ရာ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ကျောင်းစတင်တက်ရောက် နေကြပြီဖြစ်ကြောင်း သိရသည်။
ကျောင်းစဖွင့်ရက်ဖြစ်သဖြင့် ကျောင်းတက်ကျောင်းသား ကျောင်းသူအများစုကတော့ ပျော်ရွှင်မှု အပြည့်ဖြင့် ကျောင်းတက်နေကြသည်ကိုတွေ့ရပြီး အစိုးရသစ်လက်ထက် ယခုအချိန်အထိတော့ စိတ်အနှောင့်အယှက်ဖြစ်စရာမတွေ့ကြုံရသေးကြောင်းကျောင်းသားမိဘများထံကသိရသည်။သို့သော် ကျောင်းစဖွင့်ရက် မိုးရွာသွန်းမှုနှင့်ကြုံလိုက်ရသည့် မန္တလေးမြို့၏အခြေအနေသည် ကျောင်းတစ်ချို့၌ရေ၀င်ရောက်ခြင်းများရှိခဲ့သဖြင့်မိုးတွင်းကာလတစ်ခုလုံးအတွက်ကျောင်းသား
မိဘများကစိုးရိမ်လျက်ရှိကြသည်။ “ထူးခြားဖြစ်စဉ်မဟုတ်ပေမယ့်လည်းမိုးရွာလိုက်တိုင်းရေ၀င်တတ်တာဆိုတော့ကြိုတင်ပြင်ဆင်မှုလုပ်ထားသင့်တာပေါ့၊တစ်ညလုံးရွာတဲ့မိုးကမနက်အထိဆက်ရွာတော့ကျွန်မတို့ကတော့ကျောင်းထဲရေ၀င်နေမယ်ဆိုကြိုသိတယ်လေ၊ကျောင်းဝတ်စုံအပိုထည့်
ပေးလိုက်တယ်၊မိုးရွာတိုင်းရေ၀ပ်တဲ့နေရာတွေကိုဘယ်လိုလုပ်ပေးရမယ်ဆိုတာကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်၊နောက်ဆက်တွဲပြသနာမဖြစ်ရအောင်ကြိုတင်စီစဉ်ပေးကြပါ"ဟုကျောင်းသား
မိခင်တစ်ဦးကပြောသည်။ မိုးနည်းဒေသဖြစ်ပေမယ့်လည်းမိုးရွာလျှင်တစ်ခြားဒေသများ
ထက်ရေပိုမိုဝင်ရောက်တတ်သည့်အတွက်အထူးသဖြင့်အနိမ့်ပိုင်းမြို့နယ်ရပ်ကွက်အတွင်းရှိကျောင်းများအတွက်ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုလည်းကျောင်းဆရာမတစ်ဦးကဆိုသည်။
ကျော်ထွေး