နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဥက္ကဋ္ဌအဖြစ်ဦးဆောင် ပြီးပြည်ထောင်စုဝန်ကြီးများပါဝင်

2016-06-02 11:29:56 |သတင်းအရင်းအမြစ် 中华网

ရခိုင်ပြည်နယ်တည်ငြိမ်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ပြည်ထောင်စု ၀န်ကြီးများပါဝင်သည့်ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းကိုမေလ၃၀ရက်ရက်စွဲဖြင့်နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေညာ ခဲ့သည်။ဗဟိုကော်မတီတွင် ဥက္ကဋ္ဌအပါဝင်အဖွဲ့ဝင်စုစုပေါင်း ၂၇ဦးဖြင့်ဖွဲ့စည်းထားပြီးဗဟိုကော်မတီအပြင်ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုး

တက်ရေးအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများကိုပါတပြိုင်တည်းဖွဲ့စည်းထားပြီးဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများအဖြစ် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ၊လူဝင်မှု

ကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးကော်မတီ၊ဒေသတွင်းပြန်လည်နေရာချထားရေးနှင့်လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီတို့ပါဝင်သည်။

စန္ဒာ