လင်ဇင်းကုန်းသုဿန်ဟောင်းအတွင်းရှိ ထိုင်းဘုရင့် အုတ်ဂူဟောင်းပြန်လည်ပြင်ဆင်နေခြင်းက

2016-06-02 11:40:28 |သတင်းအရင်းအမြစ် 中华网

မန္တလေး ဇွန် ၁

အမရပူရမြို့နယ် လင်ဇင်းကုန်းသုသန်ဟောင်းအတွင်းရှိထိုင်းဘုရင့်အုတ်ဂူဟောင်းပြန်လည်ပြင်ဆင်နေခြင်း

ကို ကန့်ကွက်သူတစ်ချို့ရှိလာသည့်အတွက် ယာယီရပ်ဆိုင်းရန်ညွှန်ကြားထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံကသိရသည်။

“သမိုင်းပညာရှင်တစ်ချို့က ကန့်ကွက်လာတယ်၊၀န်ကြီးချုပ်ဆီစာတင်ထားတယ်လည်း

ပြောတယ်၊ ဒါနဲ့ပတ် သက်ပြီးဝန်ကြီးချုပ်က အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ကန့်ကွက်သူရောထောက်ခံ

သူပါတွေ့ဆုံကြဖို့ပြောလို့ လောလောဆယ်ယာယီရပ်ဆိုင်း ထားဖို့ညွှန်ကြားထားတာပါ" မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၅ ဦးရဲမွန်ကပြောသည်။

 ဥဒုမ္ဗရအမည်ရှိသော ထိုင်းဘုရင်ဟောင်း၏အုတ်ဂူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက

တည်းက မန္တလေးမြို့ အမရပူရမြို့နယ်လင်ဇင်းကုန်းသုသန်၌ရှိခဲ့ပြီးခေတ်အဆက်ဆက်

ပျက်စီးယိုယွင်းခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ ထိုင်းဘုရင့်ဘဏ္ဍာတော်အဖွဲ့

၏ကူညီမှုဖြင့်ထိုင်းမြန်မာပညာရှင်တစ်ချို့ပူးပေါင်းပြီးပြန်လည်ပြုပြင်ထိန်းသိမ်းရန်လုပ်

ဆောင်ခဲ့ကြသည်။

 ထိုင်းဘုရင့်အုတ်ဂူဟောင်းပြုပြင်ထိန်းသိမ်းရေးကို ယခင်အစိုးရလက်ထက်က နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း သက်တမ်းကုန်ခါနီး

အချိန်တွင် ရပ်ဆိုင်းစေခဲ့သည်။

ယခုအစိုးရသက်တမ်း ဧပြီလကပြန်လည်လုပ်ဆောင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုလ

လယ်ပိုင်းတွင်တော့ သမိုင်းပညာရှင်တစ်ချို့က ကန့်ကွက်မှုရှိလာသဖြင့် မေ ၃၁ ရက်မှ

စတင်ကာယာယီရပ်ဆိုင်း ထားခိုင်းခြင်းဖြစ်ကြောင်းသိရသည်။

 အခုလုပ်နေတဲ့အဖွဲ့ရယ် ကန့်ကွက်တဲ့အဖွဲ့ရယ်ကိုခေါ်တွေ့မယ် ပြီးတော့မှသူတို့ ပြောတာတွေကို ၀န်ကြီးချုပ်ဆီတင်ပြမယ်၊အထောက်အထားခိုင်လုံတယ်မခိုင်လုံဘူးကို

စစ်ဆေးသွား မှာပါ"ဟု ၄င်းကပြောကြားခဲ့သည်။

ကျော်ထွေး