အလီဘာဘာ ကုမ္ပဏီ၏ အဓိက အစုရှယ်ယာရှင် Softbank Group မှ၎င်းကိုင်ဆောင်
ထားသော ရှယ်ယာများကို အနည်းဆုံးအမေရိကန် ဒေါ်လာ ၇ ဒသမ ၉ဘီလျှံဖြင့်ရောင်း
ချသွားမည်ဟုကြေညာခဲ့သည်။ ထိုရောင်းချမှုများကြောင့် Softbank Group ၏
အလီဘာဘာ ရှယ်ယာပိုင်ဆိုင်မှု အချိုးမှာ ယခင်က ၃၂ ရာခိုင်နူန်းမှ ၂၈ရာခိုင်နူန်းထိကျ
သွားဖွယ်ရှိသည်ဟု ဇွန်၁ ရက် China Daily သတင်းများ အရသိရသည်။
အမေရိကန်ထုတ် The Wall Street ဂျာနယ်မှ Softbank Group သည် စတော့ရှယ်ယာ ရောင်းချရငွေများဖြင့် Leverage Ratio ရလဒ်ကိုလျှော့ချခြင်းဖြင့် ဘဏ္ဍရေးစီမံခန့်ခွဲမှုကို သတိကြီးကြီးဖြင့် ပြုပြင်ပြောင်းလွယ်သောသည့်ပုံစံကို တိုးမြင့်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
အမေရိကန် ဒေါ်လာ၇ဒသမ၉ ဘီလျှံတန်ရှယ်ယာများထဲမှ ဒေါ်လာ ၂ဒသမ၄ဘီလျှံကို
အာလီဘာဘာနှင့် ၄င်းတို့၏ ပါတနာများကိုရောင်းချပေးသွားမည်ဖြစ်ပြီး ၀ဒသမ၅ ဘီလျှံကိုမှု Sovereign Wealth Fund (SWF) ကို ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်ရှိသည့် ၅ ဘီလျှံကို Trust Securities အဖြစ်ထုတ်သွားမည်ဖြစ်သည်။
အမေရိကန် CNBC ၏၀က်ဘ်ဆိုက်တွင် အလီဘာဘာဥက္ကဠ ဂျက်မားက Softbank Group သည်ယခုကဲ့သို့ ဘဏ္ဍာရေးကောင်းမွန်လာအောင်လုပ်ဆောင်ခြင်းမှ မိမိ၏
ရှယ်ယာများကို ဈေးကြီးပေးပြန်ဝယ်ယူခြင်းဖြင့် မိမိလုပ်ငန်းအပေါ်ပြန်လည်ရင်းနှီး
မြှုပ်နှံခြင်းသည် ရင်နှီးငွေကိုအကောင်းဆုံး အသုံးခြခြင်းဖြစ်ပြီး အစုရှယ်ယာရှင် အများဆုံးကိုင်ဆောင်ထားသူအတွက်လည်း လက်တွေ့ကျသောအကျိုးအမြတ်ကို ရနိုင်သည်ဟု ယုံကြည်ကြောင်းပြောကြားသွားခဲ့သည်။
ထို့ပြင် Softbank Group ဘက်မှ ထုတ်ပြန်ကြေညာချက်အရ Softbank Group သည် အလီဘာဘာ နှင့် ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ Softbank Group မှ အလီဘာဘာ ၏ရှယ်ယာများကို ထုတ်ရောင်းခြင်းမှာ အဓိကအားဖြင့် ဘဏ္ဍာငွေ ဖွဲ့စည်းပုံစနစ်ကို ပြုပြင်ပြောင်းလဲပြီးကြွေးမြီများကိုလျှော့ချစေရန်သက်သက်သာ ဖြစ်သည်ဟု အလေးထားပြောကြားသွားခဲ့သည်။