ဥရောပ-အာရှ စီးပွါးရေးကော်မတီ အမြင့်ဆုံးကောင်စီ ပုံမှန် အစည်းအဝေး ဖြစ်သည့် ဥရောပ-

2016-06-02 11:53:17 |သတင်းအရင်းအမြစ် 中华网

ဥရောပ-အာရှ စီးပွါးရေးကော်မတီ အမြင့်ဆုံးကောင်စီ ပုံမှန် အစည်းအဝေး ဖြစ်သည့် ဥရောပ-အာရှ စီးပွါးရေး မဟာမိတ် အဖွဲ့ဝင်နိုင်ငံများ ထိပ်သီး အစည်းအဝေးကို ၃၁ ရက်နေ့က ကာဇက်စတန်နိုင်ငံ အာစတာနာမြို့၌ ကျင်းပသည်။ နိုင်ငံအသီးသီးမှ ထိပ်သီး ခေါင်းဆောင်များသည် အဖွဲ့ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော မူဝါဒများကို တိုင်ပင် ဆွေးနွေး ကြသည်။

ထိပ်သီးခေါင်းဆောင်များသည် ဥရောပ-အာရှ စီးပွါးရေး မဟာမိတ်အဖွဲ့ တည်ထောင် ခဲ့သည့်နောက်ပိုင်း ရရှိသည့် တိုးတက်အောင်မြင်မှုများကို အတည်ပြုခဲ့သည်။ အဖွဲ့၏ အလှည့်ကျ သဘာပတိနိုင်ငံ ကာဇက်စတန်နိုင်ငံ သမ္မတ နာဇာဘာယဲ့ဖှ်က၊ ဥရောပ-အာရှ စီးပွါးရေး မဟာမိတ် စာချုပ် ချုပ်ဆိုခဲ့ခြင်းနှင့် အတည်ပြုခဲ့ခြင်းအချိန် မကြာမြင့် သော်လည်း မျက်မှောက်အချိန်တွင် မဟာမိတ်အဖွဲ့သည် အကယ်စင်စစ်သော တပြေးညီ အဖွဲ့အစည်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် အဖွဲ့တွင်း တပြေးညီ ဖြစ်စဉ် အကြောင်းကို ဆွေးနွေးသည့်အပြင် မဟာမိတ်အဖွဲ့၏ နိုင်ငံခြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စကိုလည်း ဆွေးနွေးကြသည်။ ကာဇက်စတန် သမ္မတ နာဇာဘာယဲ့ဗှ်က၊ မဟာမိတ်အဖွဲ့သည် တံခါးဖွင့် အဖွဲ့အစည်း ဖြစ်ပြီး အခြား နိုင်ငံများနှင့် တပြေးညီ အသင်းအဖွဲ့များနှင့် ပူးပေါင် ဆောင်ရွက်မှုကို တွန်းအားပေးသင့်ကြောင်း ပြောကြားသည်။ ရုရှား သမ္မတ ပူတင်က ယင်း အဆိုပြုချက်ကို ထောက်ခံကြောင်း ဖေါ်ပြသည့်အပြင် လက်ရှိအချိန်တွင် မဟာမိတ် အဖွဲ့သည် တရုတ်နှင့် ဗီယက်နမ်တို့နှင့် စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စကို တိုင်ပင်နေကြောင်းလည်း ပြောကြားသည်။

လာမည့်အကြိမ် ဥရောပ-အာရှ စီးပွါးရေး မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာလတွင် မော်စကို၌ ကျင်းပမည်ဟု အစည်းအဝေးတွင် ဆုံးဖြတ်သည်။