ယန်ကျယ်ချီသည် ဘရူနိုင်း မင်းသမီးနှင့်တွေ့ဆုံ

2016-06-02 15:05:13 |သတင်းအရင်းအမြစ် 中华网

တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီသည် လွန်ခဲ့သည့်လ ၃၁ရက်နေ့က ပီကင်းမြို့၌ ဘရူနိုင်း မင်းသမီး မာစီနာနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရပါသည်။

    ယန်ကျယ်ချီက တရုတ်--ဘရူနိုင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှု ကောင်းမွန်ပါကြောင်း၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ဆက်တိုက်နက်ရှိုင်းလာကြောင်း၊ နယ်ပယ်အသီးသီး၌ ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်တိုးချဲ့လာကြောင်း ပြောကြားခဲ့သည်။

    မင်းသမီး မာစီနာကလည်း ဘရူနိုင်းနိုင်ငံသည် တရုတ်နှင့် ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားကြောင်း၊နှစ်နိုင်ငံဆက်ဆံမှု ဆက်လက်တိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။