လီခေ့ချန်သည်အာရှသတင်းစာသမဂ္ဂမီဒီယာ ခေါင်းဆောင်များနှင့်တွေ့ဆုံ

2016-06-02 15:12:34 |သတင်းအရင်းအမြစ် 中华网

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယမန်နေ့၃၁ရက်နေ့ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ အာရှသတင်းစာသမဂ္ဂနှစ်ပတ်လည်အစည်းအဝေးသို့ တက် ရောက်ရန် ရောက်ရှိလာသော နိုင်ငံအသီးသီးမှမီဒီယာတာဝန်ခံများနှင့်တွေ့ဆုံဆွေး နွေးခဲ့ကြသည်ဟုဆင်ဟွာသတင်းအရသိရသည်။

အာရှတိုက်နိုင်ငံနှင့်ဒေသ၁၀ခုကျော်မှ သတင်းစာဌာနများမှပုဂ္ဂိုလ်များသည်  ၄င်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံများအပေါ်တရုတ်နိုင်ငံ၏မူဝါဒ၊ ဒေသတွင်းအခြေအနေ၊ တရုတ်နှင့်အာဆီယံ ဆက်ဆံရေး နှင့်ပတ်သက်၍ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ လာအို၊ ပါကစ္စတန်၊ စင်ကာပူ၊ အိန္ဒိယစသည့်နိုင်ငံများမှကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ဝန်ကြီးချုပ်လီခေ့ချန် သည် တစ်ခုပြီးတစ်ခုဖြေကြားကာ ၄င်းတို့နှင့်နက်ရှိုင်းစွာကူးလူးဖလှယ်ခဲ့ကြသည်။