ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်တော့မည့် ပေဖက်တို-ယာဆယ် အနေနှင့် တောင်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းရေးအတွက် တရုတ်ပြည်နှင့် ဆွေးနွေးပွဲ ကျင်းပရန် ဆန္ဒရှိသည်ဟု ပြောဆိုခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်းယဉ်က ကြိုဆိုကြောင်း ဖော်ပြပြီး ဖိလစ်ပိုင်အစိုးရသစ်အနေနှင့် တရုတ်နှင့်အတူ တူညီသော ရည်ရွယ်ချက်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နှစ်ဖက်ဆွေးနွေးပွဲကို ပြန်လည်ကျင်းပရန် မျှော်လင့်ကြောင်းလည်း ဇွန်လ ၁ ရက်နေ့ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။