ရန်ကုန် ဇွန် ၂
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အစည်း အဝေးခန်းမ၌ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် ဒုတိယ အကြိမ်လုပ်ငန်း အဖွဲ့ အစည်းအဝေးကို ဇွန် ၂ ရက်က စတင်ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အစည်းအဝေးသို့ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်း များဖိုရမ် အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဖိုရမ်၏ အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးကိစ္စ၊ အမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကုလသမဂ္ဂက ချမှတ်ထားသော တာရှည်ခံသည့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (SDGs) အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ သက်ကြီး ရွယ်အိုအခွင့်အရေး ကိစ္စရပ်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အပါ အဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုအစည်းအဝေးမတိုင်မီ ဇွန် ၁ ရက်တွင် အထူးအစည်း အဝေးတစ်ရပ် ကျင်းပကာ အရှေ့တောင် အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်မည့် မဟာဗျူဟာ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်းနှင့် အရှေ့တောင် အာရှ အမျိုး သား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ( ၁၃ ) ကြိမ်
မြောက် နှစ်ပတ်လည် ညီလာခံကို ၂၀၁၆ ခုနှစ်၊ စက်တင် ဘာလ တွင် နေပြည်တော်၌ ကျင်းပရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။
အဆိုပါအစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံတို့မှ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ဇွန် ၃ ရက်အထိ ဆက်လက်ကျင်းပမည်ဟု သိရသည်။
RT