မန္တလေး ဇွန် ၃
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅မဲဆွယ်စည်းရုံးရေးခရီး
စဉ်တစ်လျှောက်လုံးရိုက်ကူးထားသည့်ဓာတ်ပုံများကို ယနေ့ဇွန် ၃ ရက် နံနက် ၉ နာရီ မှစတင်၍ မန္တလေးမြို့ မင်္ဂလာမန္တလေး Thiri Art Gallery တွင်ခင်းကျင်းပြသရောင်း
ချလျက်ရှိသည်။
“ကယားပြည်နယ် ရှားတောမြို့နယ်အနီးတစ်ဝိုက်ဒေသ တွေမှာ ရေအခက်အခဲ
ဖြစ်နေကြတယ်၊ အဲဒီဘက်သွားလှူ ဖို့စီစဉ်ထားတာပါ၊ ရန်ကုန်မှာတော့ ၆၁ သိန်း ၄ သောင်း အမြတ်ရတယ်၊ ဒီမှာတော့သုံးရက်ပေါင်းဘယ်လောက်ရ မလဲမသိရသေးဘူး၊ အမြတ်အစွန်းအားလုံးလှူမှာပါ"ဟု စောဖိုးခွားက china.commyanmar သို့ပြောသည်။
အဆိုပါဓာတ်ပုံပြပွဲကို Suu’s 71 Solo Photo Show ဟုအမည်ပေးထားပြီး ဓာတ်ပုံစောဖိုးခွားရိုက်ကူး ထားခြင်းဖြစ်သည်။ဒီမိုကရေစီခေါင်း ဆောင်တစ်ဦး၏ မိုင် ၇၀၀၀ ကျော်ခရီးဖြတ်သန်းခဲ့ခြင်း အား ပြည်သူလူထု အမှတ်တရရှိနေစေရန် နှင့် သဘာဝဘေးကြောင့် အခက်အခဲဖြစ်နေသည့်ဒေသများသို့သွားရောက်လှူဒါန်းရန်ရည်ရွယ်ကြောင်းသိရသည်။အဆိုပါဓာတ်ပုံပြပွဲကိုဇွန်၁၉ရက်ကျရောက်မည့်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အ
ဖြစ်ပြုလုပ်ခြင်းလည်းဖြစ်ပြီးဓာတ်ပုံရောင်းရသည့်အမြတ်ငွေအားလုံးကိုရေရှားပါးသည့်
မြို့ရွာများအတွက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ပြပွဲတွင်အနည်းဆုံးငွေကျပ်
ငါးသောင်း တန်မှ သိန်းဆယ်ဂဏန်း အထိတန်သည့်ဓာတ်ပုံများပါဝင်ပြီး ဇွန် ၅ ရက်အထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းသိရသည်။
“ရန်ကုန်မန္တလေးနှစ်ပွဲပေါင်းကရတဲ့အမြတ်ငွေတွေအကုန် လှူလိုက်မှာပါ၊ အမေစုမွေးနေ့ မတိုင်ခင်လှူဖို့စီစဉ်ထားပါတယ်"ဟု စောဖိုးခွားကပြောကြားသည်။
ကျော်ထွေး