တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်သည် ၃ ရက်နေ့တွင် ထိုက်ဖိန်ကျွန်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌၊ ထိုက်ဖိန်ကျွန်းသည် ကျွန်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် ယင်းကို ကျောက်ဆောင် အဖြစ် သတ်မှတ်နိုင်ရန် ကြံစည်ခြင်းသည် ဖိလစ်ပိုင်က တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်မှု တင်သွင်းသည့် ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ နန်စားကျွန်းစု အပေါ် အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် သက်ဆိုင်ရာ ပင်လယ် အခွင့်အရေးကို ငြင်းဆိုရန် ကြံဆသည်ဟု ပြသ နေကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။