တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယမန်နေ့ ၃ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီး၌ ကမ္ဘောဒီးယားနိုင်ငံဘုရင် ရှီဟာမိုနီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ နှစ်ဖက်တို့အနေနှင့်၊ အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေဖြစ် ချစ်ကြည်ရေးကို ခိုင်မြဲစေရန်၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနက်ရှိုင်းစေရန်၊တရုတ်- ကမ္ဘောဒီးယားဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှု အဆက် မပြတ်တိုးတက်စေရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုစွမ်းဆောင်ပြုရန် တညီတညွတ် တည်းသဘောတူကြကြောင်းသိရသည်။