အာဆီယံဆိုင်ရာ တရုတ်သံတမန်အဖွဲ့မှ ဦးစီးကျင်းပသည့် တရုတ်-အာဆီယံ ဆွေးနွေးရေးဆက်ဆံမှုထားရှိခဲ့သည့် ၂၅ နှစ်မြောက် နှီးနှောဖလှယ်ပွဲကို ယမန်နေ့ ၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆန်မာရောင်မြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်စသည့်အာဆီယံ နိုင်ငံများနှင့် တရုတ်ပြည်မှ ကျွမ်းကျင်သူပညာရှင် ၃၀ ကျော်တို့သည်၊ ယင်းနှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။