ရှီကျင့်ဖိန်သည် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွါးရေး ဆွေးနွေးပွဲတွင် မိန့်ခွန

2016-06-07 17:01:37 |သတင်းအရင်းအမြစ် 中华网

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၆ ရက်နေ့က ပီကင်း တောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပသော ဆဋ္ဌမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွါးရေး ဆွေးနွေးပွဲနှင့် သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် လူမှုရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အဆင့်မြင့် ဆွေးနွေးပွဲ ပူးတွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး၊ တရုတ်-အမေရိကန် အမျိုးအစားသစ် နိုင်ငံကြီးအကြား ဆက်ဆံမှု တည်ထောင်ရေးအတွက် ဇွဲရှိရှိဖြင့် ကြိုးပမ်းကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

    ရှီကျင့်ဖိန်က၊ ကမ္ဘာ့ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ၊ အကြီးဆုံး ဖွံ့ဖြိုးပြီး နိုင်ငံနှင့် အကြီးဆုံး စီးပွါးရေး အုပ်စု နှစ်ခု အနေနှင့် တရုတ်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံ ပြည်သူများနှင့် နိုင်ငံ အသီးသီးမှ ပြည်သူများ၏ အကျိုးစီးပွါးကို ရှေးရှုပြီး တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ကာ တရုတ်-အမေရိကန် အကြား အမျိုးအစားသစ် နိုင်ငံကြီးအကြား ဆက်ဆံမှု တည်ထောင်ရေးအတွက် အစွမ်းကုန် ချီးတက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။