ရန်ကုန် ဇွန် ၇
နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မူ အားကောင်းရန်ကိုယ်စားလှယ်လောင်းစာရင်း တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရန် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဥပဒေမျိုး ပြဋ္ဌာန်းသင့်ဟု Myanmar Institute of Gender Studyမှ ဒေါ်ခင်မမမျိုးကမြန်မာနိုင်ငံရေး
တွင် အမျိုးသမီး ပါဝင်မူ အားနည်းနေခြင်းနေခြင်းနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း
China.com သို့ ပြောကြားခဲ့သည်။
'' နိုင်ငံတကာမှာဆိုရင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားတယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်လည်း ရွေးကောက်ပွဲဝင်သူများရဲ့ ၃၀ ရာခိုင်နှူုန်းပါရတယ်။ မြန်မာနိုင်ငံမှာတော့ ၃၀ ရာခိုင်နှုန်း မပါသေးဘူး။ နောက်တစ်ခုက ရွေးချယ်ခံရသူတွေဆို
ရင်လည်း နိုင်ငံတကာမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ရှိလာပြီ။ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ဖြစ်နေချိန်မှာ မြန်မာမှာကတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်နေတယ်။ ဥပဒေမှာကတော့ သီးခြားကန့်သတ်ထားတာ မရှိဘူး။ သို့သော်ငြားလည်း တစ်ခုတော့ လုပ်ပေးဖို့လိုတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်း တက်လာရင် အနည်းဆုံးတော့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါရမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ပုံစံမျိုး ဥပဒေတွေနဲ့ လမ်းကြောင်းပေးမယ်ဆိုရင် အားကောင်းလာမယ်။ ပါတီတွေကိုယ်
တိုင်ကလည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်းစပြီး ရွေးချယ်ပေးတဲ့အခါကျရင် ကိုယ်စား
လှယ်လောင်းစာရင်း တင်သွင်းပေးရင် ဥပဒေအရလည်း လုပ်ဆောင်ပေးမယ်ဆိုရင် ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်''ဟု ဒေါ်ခင်မမမျိုးက ပြောသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း (၃၀၀၀) တွင် အမျိုးသမီး
ကိုယ်စားလှယ်လောင်း (၁၀၁) ဦးသာရှိပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်
လောင်း (၆၀၇၄) ဦးတွင် အမျိုးသမီး (၈၀၁) ဦးထိ ပါဝင်လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပါဝင်လာမူသည် အားရကျေနပ်ဖွယ် ကောင်းသော်လည်း နိုင်ငံတကာ စံချိန်စံညွှန်း ပြည့်မီသေးခြင်း မရှိကြောင်း ၎င်းကသုံးသပ်သည်။
စည်သူ