ရန်ကုန် ဇွန် ၇
ရွေးကောက်ပွဲတွင် အမျိုးသမီးများ အမည်စာရင်း ပိုမိုတင်သွင်းလာစေရန် ကိုယ်စားလောင်း မှတ်ပုံတင်ကြေးကို အမျိုးသမီးများအတွက် လျော့ပေးရန် ကျား/မဆိုင်ရာ ရွေးကောက်ပွဲ လေ့လာရေးမစ်ရှင်(GEOM) မှ အဖွဲ့ခေါင်းဆောင် Ms.Sabra Bano က အကြံပြုပြောကြားသည်။
ဇွန် ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ နိုဗိုတယ်မက်(စ်)ဟိုတယ်၌ ပြုလုပ်သော ကျား/မ ဆိုင်ရာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးမစ်ရှင်အဖွဲ့၏အပြီးသတ်အစီရင်ခံ
စာနှင့် ပတ်သက်ပြီး အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
'' ကိုယ်စားလှယ်လောင်း ဖြစ်လာဖို့အတွက် အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အတားအဆီးတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သီးခြားအထူးအစီစဉ်
တွေနဲ့သာမက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမူအဖွဲ့အစည်းတွေနဲ့ အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံမှုနဲ့လည်း ဖော်ထုတ်ဖယ်ရှားနိုင်ပါတယ်''ဟု Ms.Sabra Bano က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျား/မ ရေးရာ မူဝါဒနှင့် အညီ ကျား/မ ရေးရာ ယူနစ်တစ်ခုကို တည်ထောင်ပြီး နိုင်ငံရေးပါတီများ ကျင့်ဝတ်ကို လိုက်နာ အကောင်အထည်ဖော်သည့် လုပ်ငန်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
လုပ်ငန်းနယ်ပယ်များ အားလုံးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မူကို ကြီးကြပ်
ဆောင်ရွက်နိုင်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး
ကို တစ်ဦးလျင် ၅ သိန်း သတ်မှတ်ထားပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပြီးတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၃ ရာခိုင်နူန်းသာ အနိုင်ရရှိခဲ့သည်။
စည်သူ