မျက်စိမမြင်သူနှင့်လက်နှစ်ဖက်မရှိသူအဖိုးအိုနှစ် ယောက် အပြန်အလှန်အမှီပြုပြီး၁၀ နှစ

2016-06-08 10:18:46 |သတင်းအရင်းအမြစ် 中华网

စက္ခုအလင်းကွယ်နေသော ကျာဟိုင်ရှာ နှင့် လက်နှစ်ဖက် ဖြတ်တောက်ထားသော ကျာဝန်ချီ တို့သည် ဟော်ပေပြည်နယ် ကျင်ရှင်ခရိုင်ရှိ ရယ်လီရွာသားဖြစ်သည်။၅၃ နှစ်အရွယ် ကျာဟိုင်ရှာ၏ ဘယ်ဘက် မျက်လုံးမှာ မွေးရာပါတိမ်ဖြစ်နေသောကြောင့် ငယ်စဉ်ကပင်မျက်စိမမြင်ခဲ့ပေ။ ညာဘက်မျက်လုံးမှာလည်း ၂၀၀၀ ခုနှစ်က အလုပ်လုပ်နေစဉ် ကွယ်သွားခဲ့သည်။သူနှင့်အသက်အရွယ်တူ ကျာဝန်ချီ သည် ၃ နှစ်အရွယ်က မတော် တဆမှုကြောင့် လက်မောင်းနှစ်ဖက်ဆုံးရှုံးခဲ့ရပြီး ၂၀၀၂ ခုနှစ်က ဝင်ငွေဝင်ရောက်ရန်အတွက် သူတို့နှစ်ဦး ဆွေးနွေးတိုင်ပင်ကာ မြစ်ကမ်းပါးဘေးရှိ ဧက ၅၀ ကျော်တွင် သစ်ပင်စိုက်ကာသစ်တောဖန်တီးခဲ့သည်။သူတို့နှစ်ဦးပူးပေါင်းပြီးအမြင်အာ

ရုံနှင့်လက်အသုံးပြုမှုတို့ကို ဟန်ချက်ညီစွာအသုံးချခဲ့ကြသည် ။ ထိုတို့ပြုလုပ်ခဲ့သည်မှာ ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ကာ သစ်ပင်ပေါင်း သောင်းနှင့်ချီရှိနေပြီဖြစ်သည်။ယနေ့တွင် မြစ်ကမ်းဘေးမှ ဧက ၅၀ရှိ မြေယာ များသည် ကျာဟိုင်ရှာနှင့် ကျာဝန်ချီတို့၏ပူးပေါင်း

မှုကြောင့်အိုအေစစ်လေးဖြစ်လာခဲ့သည်။ကိုယ်ခန္ဓာပေါ်ရှိမပြည့်စုံမှု၊နေထိုင်မှုဘဝဆင်းမှု

သည်သူတို့ဘဝတစ်ခုလုံးအတွက်ငြင်းပယ်မှုအားလုံးမဟုတ်ခဲ့ပေ။ထိုအချိန်ကလွယ်ကူသောပူးပေါင်းမှုတစ်ခုသည် မထင်မှတ်ပဲ ၁၀နှစ်ကျော်စာဇွဲလုံ့လစိုက်ထုတ်မှုတစ်ခုဖြစ်လာခဲ့

သည်။မကြာသေးမီက မီဒီယာများမှသူတို့နှစ်ဦးအကြောင်းဖော်ပြခဲ့ရာ တရုတ်နှင့်နိုင်ငံခြားသားအင်တာနက်အသုံးပြုသူများအားစိတ်လှုပ်ရှားစေရန် ဆွဲဆောင်နိုင်ခဲ့သည်။

Ref: chinanews