တစ်နှစ်တစ်ကြိမ် ကျင်းပနေသော တရုတ် ပြည်လုံးဆိုင်ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ၇ ရက်နေ့က စတင် ကျင်းပပြီ ဖြစ်ရာ လူ စုစုပေါင်း ၉၄ သိန်းခန့်တို့သည် ယခုအကြိမ် စာမေးပွဲတွင် ပါဝင်ဖြေဆိုကြကြောင်း၊ ယခုနှစ် တက္ကသိုလ် ဝင်ခွင့်ရနှုန်းမှာ ၄၀ ခန့် ရှိကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။
နိုင်ငံတော်အဆင့် စာမေးပွဲတွင် စာခိုးချ လိမ်လည်မှုကို ရာဇဝတ်မှုဥပဒေတွင် ထည့်သွင်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြစ် ယခုအကြိမ် စာမေးပွဲသည် သမိုင်းတွင် အတင်းကျပ်ဆုံး ဖြစ်သည်ဟု ယူဆရကြောင်း သိရပါသည်။