ယမန်နေ့ ၆ ရက်နေ့က တရုတ်ပြည် ဝူဟန့်မြို့တွင် ကျင်းပသော (တရုတ်အလယ်ပိုင်း ဒေသနိုင်ငံတကာကုန်ထုတ်စွမ်းအားပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌၊ တရုတ်-အာဆီယံ စင်တာအတွင်းရေးမှူးချုပ် ယန်ရှုဖိန်က၊ တရုတ်နှင့် အာဆီယံကုန်ထုတ်စွမ်းအားပူးပေါင်း ဆောင်ရွက်ရေးမှာ ခြေလှမ်းစလှမ်းအဆင့်ကာလတွင်ရှိပြီး၊ ကိန်းဝပ်စွမ်းအားများစွာ ရှိကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။
ယန်ရှုဖိန်က၊ တရုတ်နှင့် အာဆီယံတို့အနေနှင့်၊ နှစ်ဖက်နှင့် ဘက်ပေါင်းစုံမှ ကုန်ထုတ်စွမ်းအားပူးပေါင်းဆောင်ရွက်ရေးစနစ်ကို တစ်ဆင့်တက် ပြီးပြည့်စုံသွားစေခြင်း၊ ရင်းနှီးမြှုပ်နှံရေးပတ်ဝန်းကျင်ကောင်းမွန်စေခြင်း၊ တရားမျှတပြီးအဆင်ပြေသော ဈေးကွက် ဝင်ခွင့်စံနှုန်းကို သတ်မှတ်ထားခြင်း၊ ဦးစားပေးမူဝါဒနှင့် ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်ရေးပတ်ဝန်းကျင်ကို တည်ငြိမ်စေခြင်းတို့ဖြင့် တရုတ်-အာဆီယံကုန်ထုတ် စွမ်းအားပူးပေါင်းဆောင်ရွက်ရေး ထိရောက်စွာ အရှိန်မြှင့်တင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။