သိပ္ပံနဲ့နည်းပညာနယ်ပယ်မှာ ကမ္ဘာ့အင်အားကြီးဖြစ်လာဖို့ တာစူနေတဲ့ တရုတ်

2016-06-08 13:49:42 |သတင်းအရင်းအမြစ် 中华网

သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် တရုတ်နိုင်ငံကို ကမ္ဘာ့ထိပ်တန်းအဆင့်သို့  မြှင့်တင်ပေးမည့်  ထိပ်တန်းအဆင့် သိပ္ပံညီလာခဲ့၃ခုကို မေ ၃၀ရက်နေ့တွင် ပေကျင်းက လက်ခံကျင်းပခဲ့သည်။

ညီလာခံများမှာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အမျိုးသားကွန်ဖရင့်၊ တရုတ်  သိပ္ပံအကယ်ဒမီနှင့် အင်ဂျင်နီယာအကယ်ဒမီတို့၏ နှစ်နှစ်တစ်ကြိမ်ကွန်ဖရင့်နှင့် တရုတ် သိပ္ပံနှင့်နည်းပညာအသင်းကြီး၏ အမျိုးသားကွန်ဂရက်တို့ဖြစ်ပြီး ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်ထူထောင်ပြီး၊ အထူးသဖြင့် ၁၉၇၈ခုနှစ်တွင် ပြုပြင်ပြောင်းလဲ ဖွင့်လှစ်ပေးလာသည့် နောက်ပိုင်းတွင်  ပေကျင်းမှာ အံ့သြလောက်ဖွယ်  သိပ္ပံနည်းပညာအောင်မြင်မှုများကို ပြုလုပ်နိုင်ခဲ့သည်။  ယင်းသိပ္ပံနှင့်နည်းပညာ အောင်မြင်မှုများကပင်  တရုတ်နိုင်ငံကို ကမ္ဘာ့သြဇာကြီးနိုင်ငံဖြစ်လာစေရန် အုတ်မြစ်ချပေးခဲ့သည်။ 

တရုတ် သိပ္ပံပညာရှင်များက တိုးတက်မှုအမြောက်အများကို ပြုလုပ်နိုင်ခဲ့သည်။ အပူချိန်မြင့် စူပါကွန်ဒက်တာ၊ နျူထရီနို အာကာသရူပဗေဒ၊ ကွန်တမ် ဟောအကျိုးဆက်၊  နာနိုနည်းပညာပင်မဆဲလ်သုတေသန၊ လူသားမျိုးဗီဇအစူအစဉ်၊  အက်တမ်ဗုံး၊ ဟိုဒရိုဂျင်ဗုံးနှင့် လူလုပ်ဂြိုဟ်တု၊ စူပါမျိုးစပ်ဆန်၊ စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ၊ ချိုင့်ဝှမ်းသုံးခု စီမံကိန်း၊ လူပါအာကာသယာဉ်ပျံသန်းမှု၊ လစူးစမ်းရေးအစီအစဉ်၊ မိုဘိုင်းဆက်သွယ်ရေး၊ ကွန်တမ်ဆက်သွယ်ရေး၊ ပေဒေါင်း လမ်းကြောင်းပြစနစ်၊ လူပါ ရေနက်ပိုင်း ရေငုပ်သင်္ဘော၊ မြန်နှုန်းမြင့် ရထားလမ်းနှင့် လေယာဉ်တင်သင်္ဘော စသည့်  နယ်ပယ်အသီးသီးတွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။

တရုတ်နိုင်ငံမှာ ကုန်ထုတ်စွမ်းအား၊ အမျိုးသားခွန်အား၊ သိပ္ပံနှင့်နည်းပညာခွန်အားတို့ ပလက်ဖောင်းသစ်တစ်ခုပေါ်သို့ တက်လှမ်းလာမှုနှင့်အတူ ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အား  အကြီးမားဆုံးနိုင်ငံအဖြစ် ပွင့်ထွန်းလာခဲ့သည်။ 

သို့ရာတွင် အခြားအင်အားကြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆန်းသစ်တီထွင်မှုစွမ်းရည်မှာ အားနည်းနေသေးသောကြောင့် အချို့သော သိပ္ပံနှင့်နည်းပညာနယ်ပယ်များတွင် ရုန်းကန်နေရသေးသည်။ ပစ္စည်းများမှာ ကုတ်ထုတ်လုပ်မှု၏ အခြေခံဖြစ်သော်လည်း တရုတ်နိုင်ငံမှာ အရည်အသွေးမြင့်ပစ္စည်များ သုတေသနပြုထုတ်လုပ်နိုင်စွမ်းတွင် နောက်ကျန်နေဆဲဖြစ်ပြီး ပို့ကုန်များအပေါ်တွင်သာ မှီခိုနေရသေးသည်။

ဆေးဝါးဈေးကွက်တွင် ကမ္ဘာ့မူပိုင်ခွင့်များ၏ ကြီးမားသောအစိတ်အပိုင်းကို  နိုင်ငံခြားကုမ္ပဏီများကသာ  ကြီးစိုးထားသေးသည်။ ထို့အပြင် အရည်အသွေးမြင့် ဆေးကိရိယာအပိုင်းတွင်လည်း တရုတ်နိုင်ငံမှာ ပြည်ပကို  မှီခိုနေရသေးသောကြောင့် ဆေးကုသစရိတ် မြင့်မားလျှက်ပင် ရှိနေသေးသည်။ 

လူဦးရေ ထူပြောလွန်းမှု၊ သဘာဝသယံဇာတများ ရှားပါးလွန်းမှုနှင့် သဘာဝပတ်ဝန်းကျင် ပြဿနာများ၏ ထိုးတက်မြင့်မားလာသော ဖိအားများကြောင့် တရုတ်နိုင်ငံ၏ မျှခြေမညီသည့် ဖွံ့ဖြိုးမှုပြဿနာမှာ ဆက်ရှိနေဦးမည်ဖြစ်သည်။

နယ်ပယ်စုံတွင် အခြေအနေမောင်းနှင်သည့်ပုံစံမှ ဆန်းသစ်တီထွင်မှုမောင်းနှင်သည့် ပုံစံသို့  ပြောင်းလဲရန်မှာ အရေးတကြီးလိုအပ်နေသည်။ ကမ္ဘာကြီးတွင် သိပ္ပံနည်းပညာတော်လှန်ရေးမှာ အရှိန်အဟုန်မြင့်မား အားကောင်းနေပြီဖြစ်သည်။ နည်းပညာ  တီထွင်ဆန်းသစ်မှုများက စက်မှုလုပ်ငန်းအသစ်များနှင့် ကုန်လုပ်ဆက်ဆံရေးအသစ်များကို ဖန်တီးနေသည်။

ပြည်တွင်းဝယ်လိုအားကို မြင့်မားလာစေကာ၊ ဆန်းသစ်တီထွင်မှု မောင်းနှင်သော ဈေးကွက်ဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် စီးပွားရေးစစ်မြေပြင်သို့ ရှေ့ရှုသည့် နောက်ဆုံးပေါ်  သိပ္ပံနှင့်နည်းပညာကို တရုတ်ဝိသေသလက္ခဏာနှင့်  လွတ်လပ်သော တီထွင်ဆန်းသစ်မှုလမ်းကြောင်းကိုသာ  လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပေကျင်းက အလေးအနက် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သိပ္ပနှင့်နည်းပညာနယ်ပယ်တွင် တိုးတက်မှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာမှာ နိုင်ငံ၏ နောက်ခံကားပင်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးပြီး ပြည်သူတို့၏ လူနေမှုဘ၀များ  တိုးတက်ဖို့ဆိုလျှင် သိပ္ပံနှင့်နည်းပညာ ခွန်အားရှိသန်စွမ်းဖို့လိုသည်။ 
၂၀၂၀ခုနှစ်တွင် အတီထွင်ဆုံးနိုင်ငံတစ်နိုင်ငံ၊ ၂၀၃၀တွင် ထိပ်တန်း ဆန်းသစ်တီထွင်သူ၊  ၂၀၄၉ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  တည်ထောင်ခြင်း ရာပြည့်နှစ်တွင် သိပ္ပံနှင့်နည်းပညာ ကမ္ဘာ့အင်အားကြီးနိုင်ငံ စသည့်ဂုဏ်ဝိသေသများနှင့် နိုင်ငံတစ်နိုင်ငံအဖြစ်  တည်ထောင်ရန် ပွဲဦးထွက်  ခရာမှုတ်လိုက်ပြီဖြစ်သည်။ 

 

AM