တရုတ်နိုင်ငံတော်ကောင်စီဒုဝန်ကြီးချုပ် ဝမ်ယမ်သည် တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ် ဖ်ရိုမန်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတငးအရသိရပါသည်။
ဒုဝန်ကြီးချုပ်ဝမ်ယမ်က တရုတ်နှင့်အမေရိကန်အကြား စီးပွားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်၌ အကျိုးတူများကြောင်း၊ ၂၀၁၆ခုနှစ် တရုတ်-အမေရိကန်ကုန်သွယ်မှုပူးတွဲကော်မတီအစည်းအဝေးနှင့် ဂျီ-၂၀ထိပ်သီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး နှစ်နိုင်ငံအဆင့်မြင့်ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို အမြန်ဆုံးချုပ်ဆိုရန်၊ တရုတ်နှင့်အမေရိကန် ခေါင်းဆောင်တို့ရရှိခဲ့သော အရေးကြီးသဘောတူညီမှုကို ထိရောက်စွာဖော်ဆောင်ရန်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး သဘောကွဲလွဲမှုကို သင့်လျော်စွာ ကိုင်တွယ်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။