အဋ္ဌမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွါးရေး ဆွေးနွေးပွဲကို ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ပီကင်း၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ ဒုဝန်ကြီးချုပ် ဝမ်ယမ်၊ နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီနှင့် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီနှင့် ဘဏ္ဍာရေး ဝန်ကြီး ဂ်ျကုတ်တို့သည် ဆွေးနွေးပွဲကို ပူးတွဲ ဦးစီး ကျင်းပကြသည်။ တရုတ်-အမေရိကန် တို့က နှစ်ဖက် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နှစ်ဘက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း၊ နှစ်ဖက်အကြား ရှိနေသေးသည့် သဘောကွဲလွဲမှုများကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် ကိုင်တွယ် ထိန်းချုပ်လိုကြောင်း ဖေါ်ပြကြသည်။
အဋ္ဌမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွါးရေး ဆွေးနွေးပွဲကို ၇ ရက်နေ့ ညနေပိုင်းက ပီကင်း၌ ရုပ်သိမ်းခဲ့သည်။ ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ဒုဝန်ကြီးချုပ် ဝမ်ယမ်က၊ သဘောကွဲလွဲမှု ရှိသေးသော်လည်း နှစ်ဖက်တို့သည် အောက်ကျိုးရလဒ် ၆၀ ကျော်ကို ရရှိခဲ့ကြောင်း၊ နှစ်ဖက်အကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲတွင်လည်း အပြုသဘော ဆောင်သော တိုးတက်မှုကို ရရှိခဲ့ကြောင်း ပြောကြားသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီသည် ယခုအကြိမ် ဆွေးနွေးပွဲအပေါ် မြင့်များစွာ ချီးကျူး အကဲဖြတ်ခဲ့သည်။ ၄င်းက၊ မိမိတို့သည် စိန်ခေါ်မှုများ လက်တွဲ ရင်ဆိုင် ဖြေရှင်းရေး နယ်ပယ်တွင် အရေးကြီး တိုးတက်မှု ရရှိခဲ့ကြောင်း၊ လက်ရှိ ရှုပ်ထွေးပွေလီ သော အချိန်ကာလ၌ အငြင်းပွါးမှုနှင့် မညီမညွတ်မှု မဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အသွင်ပုံစံသစ် မိတ်ဖက်ဆက်ဆံမှုကို ထားရှိရမည် ဖြစ်ကြောင်း ပြောကြားသည်။