အဋ္ဌမအကြိမ်မြောက် တရုတ်-ကန်မဟာဗျူဟာနှင့် စီးပွားရေးဆွေးနွေးပွဲ ရုပ်သိမ်း၊ တောင်ပင်

2016-06-08 14:15:07 |သတင်းအရင်းအမြစ် 中华网

အဋ္ဌမအကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွားရေးဆွေးနွေးပွဲကို ၇ ရက်နေ့က ပီကင်းတွင် ရုပ်သိမ်းခဲ့ရာ၊ နှစ်ဖက်တို့သည်၊ ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိ ခဲ့ကြောင်း၊ တောင်ပင်လယ်ပြဿနာဆိုင်ရာ အစဉ်တစိုက် မူရပ်တည်ချက်ကို တရုတ်ပြည်က ထပ်လောင်းဖော်ပြခဲ့ပြီး၊ သက်ဆိုင်ရာပိုင်နက်နယ်မြေရေးရာအငြင်းပွာမှု အပေါ် အမေရိကန်က ရပ်တည်ချက်မထားဟူသော ဂတိပြုချက်ကို လိုက်နာရန် မျှော်လင့်ပါကြောင်းလည်း ဖော်ပြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

 တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ် နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်ယန်၊ နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီ၊ အမေရိကန်သမ္မတ အိုဘားမား၏ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ၊ ဘဏ္ဍာရေးဝန်ကြီး ဂျကို့ဘ်တို့သည်၊ အစည်းအဝေးရုပ်သိမ်းပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းအသီးသီးပြောကြားခဲ့သည်ဟုသိရ သည်။