တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ နည်းပညာဖြင့် တွန်းအားပေးရေးစနစ်လုပ်ငန်းကို ထောက်ခံပြီး တက်ကြွစွာ ပါဝင်မည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ နှင့် ဆန်းသစ်တီထွင်ရေး နယ်ပယ်တွင် ကမ္ဘာ့နိုင်ငံများနှင့် အားဖြည့်ကူးလူးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲတွန်းအားပေးရန် အတွက် အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ဒုတိယ ကိုယ်စားလှယ် ဝူဟဲထောက ယမန်နေ့ ၇ရက်နေ့က ပြောကြားခဲ့သည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။
ထိုနေ့တွင် ကုလသမဂ္ဂသည် သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်ရေးဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရေး အကျိုးစီးပွားဆိုင်ရာများဖိုရမ် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။