ဇွန်လ ၈ရက်နေ့သည် ကမ္ဘာ ပင်လယ်သမုဒ္ဒရာနေ့ ဖြစ်သည်။ တရုတ်ပြည်သည် တောင်ပင်လယ် ဆူနာမီ ကြိုတင်သတိပေး စနစ် တည်ဆောက်မှုကို ခြေလှမ်းမှန်မှန်ဖြင့် တွန်းအားပေးနေကြောင်း တရုတ် အမျိုးသား အဏ္ဏဝါ ရေးရာ ဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
တရုတ် အမျိုးသား အဏ္ဏဝါ ရေးရာ ဌာန ဆူနာမီ ကြိုတင်သတိပေး စင်တာနှင့် တောင် တရုတ်ပင်လယ်ရပ်ဝန်း ဆူနာမီ ကြိုတင်သတိပေး စင်တာ ဒါရိုက်တာ ယွမ်ယေက တရုတ်ပြည်သည် တောင်ပင်လယ် မနီလာ ပင်လယ်မြောင်းနက် အနောက်ဖက်တွင် ဆူနာမီ ကြီးကြပ်တိုင်းထွာရေး ဗော်ယာများကို ထားရှိခဲ့ကြောင်း ပြောကြားသည်။