တရုတ်-ကန် ဆက်ဆံမှု အပေါ် တောင်ပင်လယ် ပြဿနာ၏ ဒုက္ခပေးမှု မကျခံစေရန် ကန်နိုင်ငံဆိုင်ရာ

2016-06-12 10:44:47 |သတင်းအရင်းအမြစ်

ဇွန်လ ၁ရက်နေ့က အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆွေထျန်ခိုင်သည် အမေရိကန် Bloomberg ဝက်ဘ်ဆိုက်တွင် တောင်ပင်လယ် ပြဿနာ အပေါ် သဘောကွဲလွဲမှုကို ပပျောက်စေရန် မည်သို့ဆောင်ရွက်မည်နည်း ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားဖော်ပြထားကြောင်း တရုတ်ပြည်သူ့ ဝက်ဘ်ဆိုက်မှ သတင်း အရသိရသည်။

၎င်းဆောင်းပါးတွင် သံအမတ်ကြီး ဆွေထျန်ခိုင်က တောင်ပင်လယ်တွင် တရုတ်ပြည် ၏ဆောင်ရွက်ချက်နှင့် ရည်ရွယ်ချက် အပေါ် အမေရိကန်၊ အခြားနိုင်ငံနှင့် ဒေသအချို့သည် အသိအမြင် မှားယွင်းမှု ရှိကြောင်း၊ လောလောဆယ်ဆောင်ရွက်ရမည့် ကိစ္စမှာ မှားယွင်းစွာ သုံးသပ်အကဲဖြတ်ခြင်းကြောင့် အန္တရာယ်နှင့် ဆိုးကျိုးများ မဆောင်းကြဉ်းလာအောင် အဖြစ်မှန်ကို သိရှိနားလည်ပြီး တရုတ်ပြည်၏ ရည်ရွယ်ချက်ကို မှန်ကန်စွာ သိမြင်ရန် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံမှုသည် အလွန်အရေးကြီးကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု အပေါ် တောင်ပင်လယ် ပြဿနာ၏ ဒုက္ခပေးမှု ကျခံစေရန် ခွင့်မပြုကြောင်း ပြောကြားသည်။