ပထဝီအရ နိုင်ငံရေး ကစားရာ ဒေသ တောင်ပင်လယ် မဖြစ်သင့်ဟု ကန်နိုင်ငံ ဆိုင်ရာ တရုတ်သံရ

2016-06-12 10:45:00 |သတင်းအရင်းအမြစ်

မကြာမီက အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဟိုင်ချွမ်က "ပထဝီအရ နိုင်ငံရေး ကစားရာ ဒေသ တောင်ပင်လယ် မဖြစ်သင့်" ဟူသော ခေါင်းစဉ်ဖြင့် The New York Timesထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ တောင်ပင်လယ် ပြဿနာ ဆိုင်ရာ တရုတ်ပြည်၏ အခြေခံမူနှင့် သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ကြောင်း တရုတ်ပြည် Global Times ဝက်ဘ်ဆိုက်မှ သတင်းအရ သိရသည်။

၎င်းစာတွင် တောင်ပင်လယ်သည် ပထဝီအရ နိုင်ငံရေး ကစားရာဒေသ မဖြစ်သင့်ကြောင်း၊ အမေရိကန် အနေနှင့် လက်နက်အင်အား တပြပြလုပ်ခြင်းကို ရပ်စဲပြီး ဆွေးနွေးပွဲ တွန်းအားပေးရေး အတွက် တာဝန်ယူတတ်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ရေးသား ဖော်ပြသည်။

ထို့အပြင်၊ ၄င်းစာတွင် မေလ ၂၁ရက်နေ့ထုတ် The New York Timesမှ ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ်ပါ မှားယွင်းသော ပြောဆိုချက်ကို ပယ်ချလိုက်ကြောင်းလည်း သိရသည်။

ဇွန်လ ၁ရက်နေ့ထုတ် The New York Timesတွင် ၄င်းစာကို ဖော်ပြခဲ့ကြောင်း သိရသည်။