တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု တွန်းအားပေးနေသည့် မှားယွင်းသော ဆောင်ရွက်မှု ဖိ

2016-06-12 10:45:12 |သတင်းအရင်းအမြစ်

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ၈ရက်နေ့ နံနက်ပိုင်းက တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ဆိုင်ရာ အငြင်းအခုံအား နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် ဖြေရှင်းရေး စွဲကိုင်ခြင်း ဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟုန်လေက တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု တွန်းအားပေးနေသည့် မှားယွင်းသော ဆောင်ရွက်မှုကို  အမြန်ဆုံး ရပ်စဲရန် ဖိလစ်ပိုင်အား တိုက်တွန်းကြောင်း ၈ရက်နေ့က ထပ်မံ ပြောကြား ခဲ့သည်။