ယခုနှစ် မေလက တရုတ်ပြည် တစ်ပြည်လုံး၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၂၀၂၀ခန့်ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၂့၈ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းထဲတွင် ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၁၁၇၀ ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၁့၂ရာခိုင်နှုန်း တိုးလာသကဲ့သို့ သွင်းကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၈၄၇ဘီလီယံခန့်ရှိကာ ယမန်နှစ် အလားတူ အချိန်ကထက် ၅့၁ရာခိုင်နှုန်း တိုးလာကြောင်း တရုတ် အကောက်ခွန်ရုံးချုပ်မှ ၈ရက်နေ့က ထုတ်ပြန်သော စာရင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။
တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏ ကျဆင်းမှု ရပ်စဲသည်မှာ တင်ရှားသိသာ သော်လည်း ချင့်ချင့်ချိန်ချိန် သဘောထားသင့်ကြောင်း ပညာရှင်များက ယူဆကြသည်။
တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်မှု စီးပွားရေး ပူးပေါင်း ဆောင်ရွက်ခြင်း သုတေသန တံခွန်အသင်း နိုင်ငံတကာ ဈေးကွက် သုတေသနဌာန ဒုဌာနမှူး ပိုင်မင်က ခြုံပြီးကြည့်မည်ဆိုလျှင် လွန်ခဲ့သည့် အချိန်ပိုင်းတွင် အားထုတ်ကြိုးပမ်း မှုများဖြင့် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှုသည် နာလန်ပြန်ထူလာနေသည်ကို တွေ့ရကြောင်း၊ သို့သော် နိုင်ငံခြား ကုန်သွယ်ရေး ဆိုင်ရာ ယုံကြည်မှု ညွှန်းကိန်း၊ ပို့ကုန် ကြိုတင်အမှာစာ ညွှန်းကိန်း အပါအဝင် နိုင်ငံခြား ကုန်သွယ်ရေး ဆိုင်ရာ အဓိက ညွှန်းကိန်း၎ခုသည် ကျဆင်းနေသေးသည့်အတွက်ကြောင့် လာမည့် ၃-၄လ အတွင်း တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက်သော ကုမ္ပဏီများသည် အခက်အခဲများ ကြုံတွေ့ရမည် ဖြစ်ကြာင်း ပြောကြားသည်။