ဇွန်လ ၃ရက်နေ့ထုတ် The Wall Street သတင်းစာမှ "တောင်ပင်လယ်၏စိန်ခေါ်မှု" ခေါင်းစဉ်ဖြင့်ခေါင်းကြီးပိုင်းအတွင်းရှိ မှားယွင်းသောပြောဆိုချက်အပေါ် အမေရိကန်ဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဟိုင်ချွမ်က The Wall Street သတင်းစာထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ၊တောင်ပင်လယ် ပြဿနာ ဆိုင်ရာ တရုတ်ပြည်၏ အခြေခံမူနှင့် သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ကြောင်း၊ ဇွန်လ ၉ရက်နေ့ထုတ် The Wall Street သတင်းစာ၏ဝက်ဆိုက်တွင် ၄င်းစာကို ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရသည်။
၎င်းစာတွင် တောင်ပင်လယ်အငြင်းပွားမှုအရင်းခံအကြောင်းရင်းမှာ အခြားနိုင်ငံသည် တရုတ်နိုင်ငံ၏ပိုင်နက်နယ်မြေကို တရားမဝင် ကျူးကျော်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ တောင်ပင်လယ်တွင် အမေရိကန်၏စစ်ရေးလှုပ်ရှားမှုသည် တင်းမာနေသောအခြေအနေကို ပိုမိုဆိုးဝါးစေမည်ဖြစ်ကြောင်း၊ အလေးထားဖော်ပြပါသည်။