တရုတ် နိုင်ငံတကာဥပဒေ အသင်းသည် တောင်ပင်လယ်ဆိုင်ရာ ဆောင်းပါး ထုတ်ပြန်

2016-06-12 10:46:20 |သတင်းအရင်းအမြစ်

တရုတ် နိုင်ငံတကာ ဥပဒေ အသင်းသည် ယခုလ ၁၀ ရက်နေ့တွင် ဖိလစ်ပိုင် တင်သွင်းသော တောင်ပင်လယ် ရေးရာ အနုညာတ စီရင်မှုဆိုင်ရာ ခုသမာဓိရုံး၏ စီရင်ဆုံးဖြတ်မှုသည် ဥပဒေ အာဏာသက်ရောက်မှု မရှိ ခေါင်းစဉ်ဖြစ်သည့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆောင်းပါးတွင် ဖိလစ်ပိုင် တင်သွင်းသော အနုညာတ စီရင်မှုကို တရုတ်အစိုးရက လက်မခံခြင်း၊ မပါဝင်ခြင်း ရပ်တည်ချက်ကို ထောက်ခံကြောင်း ဖေါ်ပြသည့်အပြင်၊ ဥပဒေ ရှုထောင့်မှနေ၍ ခုသမာဓိရုံးက အချုပ်အခြာအာဏာပိုင်ခွင့်ဆိုင်ရာ ဆုံးဖြတ်မှု၏ မှားယွင်းချက်များကို ဝေဖန်ချေပပြီး ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေ အာဏာ သက်ရောက်မှု မရှိကြောင်းကိုလည်း ရှင်းလင်းဖေါ်ပြထားသည်။