ဖိလစ်ပိုင် တင်သွင်းသောတာင်ပင်လယ် ရေးရာအနုညာတ စီရင်မှုဆိုင်ရာ ခုံသမာဓိရုံး၏ စီ

2016-06-13 10:39:51 |သတင်းအရင်းအမြစ်

တရုတ် နိုင်ငံတကာ ဥပဒေ အသင်းသည် ယခုလ ၁၀ ရက်နေ့တွင် ဖိလစ်ပိုင် တင်သွင်းသော တောင်ပင်လယ် ရေးရာ အနုညာတ စီရင်မှုဆိုင်ရာ ခုံသမာဓိရုံး၏ စီရင်ဆုံးဖြတ်မှုသည် ဥပဒေ အာဏာသက်ရောက်မှု မရှိ ခေါင်းစဉ်ဖြစ်သည့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ခုံသမာဓိရုံးသည် ဖိလစ်ပိုင်၏ လျှောက်ထားမှု အစိတ်အပိုင်း အပေါ် အချုပ်အာခြာအာဏာပိုင်မှု ရှိသည်ဟု စီရင်ဆုံးဖြတ် ခဲ့ကြောင်း၊ ယင်းသည် အဖြစ်မှန်ကို အတည်ပြုခြင်းနှင့် သက်ဆိုင်ရာ ဥပဒေ အသုံးချခြင်းတွင် မှားယွင်းမှုများ ပြည့်နေသည့် ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

ယင်းဆောင်းပါးတွင် နယ်ပယ် ၆ ခုမှနေ၍ ရှင်းလင်းပြောကြား သုံးသပ်ပြီး ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေ အာဏာ သက်ရောက်မှု တစုံတရာ ရှိနိုင်မည် မဟုတ်ကြောင်း ဖေါ်ပြထားသည်။