ဒုတိယနှစ်ဝက်ပိုင်းတွင် တရုတ်ပြည် စီးပွါးရေး မှန်မှန် တိုးတက်နိုင်

2016-06-14 10:22:44 |သတင်းအရင်းအမြစ် 国际在线

  တရုတ် နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ၁၃ ရက်နေ့က ထုတ်ပြန်သော စာရင်း အရ၊ ယခုနှစ် မေလအတွင်း တရုတ်ပြည် စက်မှု ကုန်ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည် စားသုံးမှုနှင့် အလုပ်အကိုင် နေရာချထားမှု အပါအဝင် အဓိက စီးပွါးရေး ကိန်းညွှန်းများမှာ အခြေခံအားဖြင့် ဆက်လက် တည်ငြိမ်ကြောင်း၊ တချိန်တည်းတွင် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုကိုလည်း မှန်မှန် တိုးမြှင့်နေကြောင်း၊ ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် စီးပွါးရေးမှာ ဆက်လက် ပုံမှန် တိုးတက်မည် ဖြစ်ပြီး တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှိခြင်း အရှိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

  တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှိခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော် စာရင်းအင်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှင့်လိုင်ယွင့်က၊ တည်ငြိမ်မှု ဟူသည်မှာ စက်မှု ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးမှု၊ ရောင်းချမှု၊ အလုပ်အကိုင်နေရာချထားမှုနှင့် ကုန်ဈေးနှုန်း အပါအဝင် နယ်ပယ် ငါးခု၌ ပြသထားပြီး တိုးတက်မှု ဟူသည်မှာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှု မှန်မှန် တိုးမြင့်လာခြင်း၌ ပြသထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

  အမေရိကန်ဒေါ်လာ အတိုးနှုန်း တိုးမြှင့်ခြင်းသည် တရုတ်ပြည် စီးပွါးရေး အပေါ် မည်သို့သော ဂယက်ရိုက်ခတ်မှု ရှိနိုင်မည်နည်းနှင့် ပတ်သက်ပြီး မစ္စတာ ရှင့်လိုင်ယွင့်က၊ အမေရိကန်ဒေါ်လာ၏ လဲလှယ်နှုန်း ပြောင်းလဲမှု တစုံတရာမှာ ကမ္ဘာ့စီးပွါးရေးနှင့် ငွေကြေး အခြေအနေ အပေါ် ကြီးများစွာ ဂယက်ရိုက်ခတ်တတ်ကြောင်း၊ သို့သော် တရုတ်အစိုးရနှင့် သက်ဆိုင်ရာ ဌာနများသည် သက်ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။