ကန်နိုင်ငံ အော်လန်းဒို သေနတ်ပစ်ခတ်မှု ဖြစ်ပွား လူ၅၀ထက်မနည်း သေဆုံး

2016-06-14 10:23:23 |သတင်းအရင်းအမြစ် 国际在线

၁၂ရက်နေ့ လင်းအားကြီး ၂နာရီအချိန်က အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် အော်လန်းဒိုမြို့ ညကလပ်တစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၅၀ထက်မနည်း သေဆုံးပြီး ၅၃ယောက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းသည် အမေရိကန် သမိုင်းကြောင်းတွင် သေဆုံးသူ အများဆုံးသော သေနတ်ပစ်ခတ်မှု ဖြစ်သည်ဟု အမေရိကန် မီဒီယာက ဖော်ပြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

သမ္မတ အိုဘားမားက ယင်းသေနတ်ပစ်ခတ်မှုသည် အကြမ်းဖက်မှုနှင့် ရန်ငြိုးဖွဲ့မှုပင် ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို(FBI)သည် ၄င်းသေနတ် ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ၁၂ရက်နေ့က ပြောကြားသည်။